Tuesday, August 3, 2010

On 2010 Election and Conspiracies

လမ်းပြကြယ်ဦးအေးမြင့်နဲ့ စကားလက်ဆုံ - ရွေးကောက်ပွဲ ဖြစ်နိုင်ချေ နည်း၊ ဆူပူရန် လုပ်ကြံမှုများရှိ
မိုးမခ
သြဂုတ် ၂၊ ၂၀၁၀
မြန်မာပြည်ရဲ့ လူ့အခွင့်အရေးကိစ္စများ၊ အဓမ္မ ကလေးစစ်သား စုဆောင်းခံနေရမှုများအရေးကို ဆောင်ရွက်နေတဲ့ ရှေ့နေကြီး ဦးအေးမြင့် (လမ်းပြကြယ်)နဲ့ စကားပြောဖြစ်ခဲ့တာတွေထဲက ကောက်နုတ်ပြမှာ ဖြစ်ပါတယ်။ ယခင်အပတ်က တင်ဆက်ခဲ့တဲ့ “ဦးဦးထက်သာရဲ့ အသက်မပါသည့် အသေမွေး ဥပဒေများနှင့် နအဖ” ဆောင်းပါးအာဘော်ကို ဦးအေးမြင့်က တထပ်တည်း ထောက်ခံပါတယ်။
          ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေ အကာအကွယ်များ၊ တဖက်သတ်အသာစီးများ ရယူထားတဲ့ နအဖ စစ်အာဏာရှင် ခေါင်းဆောင်ကြီးတွေဟာ ဘယ်လိုနည်းနဲ့မှ အာဏာကို လက်လွှတ်မှာ မဟုတ်ဘူး လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။ ၎င်းတို့ရဲ့ ရုပ်သေးအစိုးရအဖြစ် ကြိုးဆွဲနိုင်မယ့် ကြံ့ဖွံ့ပါတီ အနိုင်မရနိုင်ဘူး ဆိုရင် ရွေးကောက်ပွဲ ကျင်းပရေးကို အချိန်ဆွဲမယ်၊ အချိန်မဆွဲနိုင်ရန် ထပ်ပြီး အာဏာသိမ်းဦးမယ်လို့ စာတမ်းက ရေးသားထားပါတယ်။
          အဲသည်မှာ ဦးအေးမြင့် (လမ်းပြကြယ်) သုံးသပ်ချက်တွေထဲမှာ ထပ်ဆင့် ထင်မြင်ချက်တွေကတော့ - နအဖ စစ်အာဏာရှင်တွေဟာ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ချောင်ပိတ်ပြီး ဖိနှိပ်နေတယ်၊ နှိပ်စက်ညှင်းပန်းမှုတွေ ပြုလုပ်နေတယ်။ မခံမရပ်နိုင်တဲ့အဆုံး ဆူပူအုံကြွပေါက်ကွဲမှုကြရင် အဲတာကိုအခွင့်ကောင်းယူပြီးတော့ တိုင်းပြည်အာဏာကို ဆက်လက်သိမ်းပိုက်ထားမယ်။ သည်လိုမျိုး ဖြစ်မလာဘဲ ပြည်သူ့က သည်ထက်ပိုပြီး ခေါင်းငုံ့ ပိပြားပြီး ခံနေကြရင် ရွေးကောက်ပွဲကို သူတို့လိုရာအရောက် ကြိုးဆွဲကြမယ်လို့ ပြောလိုက်ပါတယ်။
          စစ်အစိုးရရဲ့ တဖက်သတ်အနိုင်ကျင့် ဖိနှိပ်ရန်စနေမှုများကို ထောက်ပြခိုင်းရာမှာ -
          မြန်မာပြည်အနှံ့က ပြည်သူပိုင်မြေနေရာများ၊ အဆောက်အအုံများကို ရောင်းချခြင်း၊ ဖယ်ရှားခိုင်းခြင်း
          ဈေး အများအပြား မီးလောင်မှုများ ဖြစ်ပွားခြင်း၊ ထိရောက်စွာ အရေးယူမှုမရှိခြင်း
          ရွှေတိဂုံဘုရား ပရ၀ုဏ်ဝန်းကျင်က ဘုန်းကြီးကျောင်းနှင့် အဆောက်အအုံများမှ သံဃာတော်များကို အဓမ္မဖယ်ရှားခြင်း
          နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပေးခဲ့ပြီးနောက်ပိုင်း အမတ်လောင်းအဖြစ် ပါဝင်လိုသူများကို အချိန်ဆွဲပြီး စိစစ်နေခြင်း၊ ကန့်သတ်မှုများ ပြုလုပ်နေခြင်း
နယ်စပ်ဒေသ အသီးသီးတွင် စစ်အင်အားများ တိုးချဲ့ခြင်း၊ ထိုင်းနယ်စပ် လမ်းကြောင်းများကို ပိတ်ဆို့ထားခြင်း
တို့ကို ထောက်ပြပါတယ်။
          လက်ရှိ ပဲခူးနယ်ထဲက လူ့အခွင့်အရေးဆိုင်ရာ ဖိနှိပ်မှုတွေ၊ ကန့်သတ်မှုတွေကို ကောက်နုတ်ဖော်ပြခိုင်းရာမှာ -
          ရွှေမော်ဓောဘုရားတောင်ဖက်မုဒ်ဈေးကို မက်စ်ကုမ္ပဏီကို ချရောင်းပြီး ဆိုင်တွေကို ရွှေ့ခိုင်းခြင်း
          ပဲခူး မွတ်စလင်ဘာသာဝင်များ၏ သင်းချိုင်းမြေကို ပြန်လည်သိမ်းပိုက်ရန် ကြိုးစားခြင်းတို့ကို ပဲခူးတိုင်းရဲ့ တိုင်းမှူး လှမင်း ဆိုသူက အမိန့်ပေး စေခိုင်းထားတယ်လို့ ပြောပြပါတယ်။
          ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများနဲ့ မဲဆန္ဒရှင်ပြည်သူတို့ရဲ့ အဆင်သင့် ဖြစ်မှု အခြေအနေကို မေးမြန်းရာမှာ -
          ပြည်သူတွေက တပြည်လုံးအတိုင်းအတာနှင့် ဘယ်ပါတီကိုမှ အထူးစိတ်ဝင်စားခြင်း မရှိ
          ရာသီဥတု ဖောက်ပြန်မှု၊ စီးပွားရေး အကြပ်အတည်းများအောက်တွင် လူထုမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရ
          မဲ ပေးရေး မပေးရေး ကိုပင် ပြည်သူတွေကိုယ်တိုင်က စိတ်ရှုပ်ထွေးမှုများဖြစ်နေ၊ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုခဲ့စဉ်က စစ်အစိုးရနှင့် စစ်ယန္တရားဖြင့် တဖက်သတ် ကိုင်တွယ်ဆောင်ရွက်ခဲ့တာကြောင့် “မဲ” ဆိုသည့် ကိစ္စကို လူထုက ယုံကြည်မှု အားနည်းနေခြင်း ဖြစ်နေတယ်လို့ ရှင်းပြပါတယ်။
          အနာဂတ်ကာလတွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာမည့်အချိန်နှင့် ရွေးကောက်ပွဲ အလားအလာကို မေးမြန်းရာတွင် -
          ဒေါ်အောင်ဆန်းစုကြည်၏ လှုပ်ရှားမှုများကို ကန့်သတ်ခြင်း၊ နှောက်ယှက်ခြင်း၊ လူထု၏ မခံမရပ်နိုင် အုံကြွမှုများ ဖြစ်ပေါ်ပါက ယခင်ကဆောင်ရွက်ခဲ့ဖူးသည့် လုပ်ကြံမှုမျိုး လုပ်ကိုင်လာနိုင်ခြင်း
          လူထုအပေါ် တဖက်သတ် အဓမ္မ အနိုင်ကျင့် ဖိနှိပ်မှုများကို ကျုးလွန်ပြီး ကန့်သတ်ထားခြင်း၊ လူထုက ခေါင်းမထောင်ဘဲနေက ၎င်းတို့ ရွေးကောက်ပွဲကို အဓမ္မ ထုတ်ပြန် အတည်ပြုခြင်း
          အာဏာသိမ်းပြီး အချိန်ဆွဲရန်ကိုလည်း ယခုအခြေအနေတွင် အချိန်မရွေး ဆောင်ရွက်နိုင်ခြင်း ရှိတယ်လို့ ထင်မြင်ချက် ပေးပါတယ်။
          တိုင်းပြည်အရေးကို စိတ်ဝင်စားသူ မြန်မာပြည်သူတို့ရဲ့ အနေအထားကို သုံးသပ်ပြရန် -
          မနက်လင်းကတည်းက မျက်နှာသစ်ပြီးသည်နှင့် နိုင်ငံရေးအခြေအနေ သတင်း သုံးသပ်ချက်များကို လက်တို့ ဆွေးနွေး ဖလှယ်ကြ
          ရေဒီယိုတွေမှာ ပြောဆို ဗျူးနေကြတာ ကြားမိသမျှ အကောင်း အဆိုး ဝေဖန်နေကြ
          လဘက်ရည်စကားဝိုင်းများမှာ နိုင်ငံရေးအခြေအနနှင့် ဗဟုသုတများက နေရာဆက်ယူ လျက်ရှိတယ် လို့ ပြောသွားပါတယ်။
          အချိန်တိုတိုအတွင်းမှာ လိုတိုရှင်း မေးမြန်းရတာဖြစ်လို့ အထက်ပါအတိုင်းပဲ ကောက်နုတ်ဖော်ပြ တင်ဆက်လိုက်ပါတယ်။

Monday, July 12, 2010

Ko Ko Oo, Min Ko Thet, Hein Min Thant - 3 Child Soldiers abducted by the Burmese Regime

ကလေးစစ်သား ၃ ဦး အကြောင်း ဦးအေးမြင့်နဲ့ လမ်းပြကြယ် မှတ်တမ်းတင်ထား
မိုးမခ (ဦးအေးမြင့်နဲ့ လမ်းပြကြယ်အဖွဲ့ မှတဆင့်)
ဇူလိုင် ၁၂၊ ၂၀၁၀
ကလေးစစ်သားများအဖြစ် ဒေသခံစစ်တပ်များက အဓမ္မသိမ်းသွင်းခံထားရသည့် - မောင်ကိုကိုဦး (တပ်မ ၇၇၊ ခြေလျင်အမြောက်တပ်)၊ မောင်မင်းကိုသက် (ခ) ပိုင်ငြိမ်းချမ်း (သပိတ်ကျင်း အမှတ် ၂၊ စစ်လေ့ကျင့်ရေးတပ်)၊ မောင်ဟိန်းမင်းသန့် (ယခုအချိန်အထိ ရှာမတွေ့သေး) တို့၏ မွေးမှတ်တမ်း၊ မိဘထွက်ဆိုချက်တို့ကို စုစည်းထားသည့် မှတ်တမ်းကို သည်နေရာမှာ လေ့လာနိုင်ပြီ ဖြစ်သည်။
အသက် ၁၈ နှစ်အောက် ကလေးသူငယ်များကို နယ်မြေခံ စစ်တပ်များနှင့် ၎င်းတို့၏ အဆက်အသွယ်များက မိဘများထံက လှည့်ဖြား၍၎င်း၊ အတင်းအဓမ္မ အားဖြင့်၎င်း ကလေးစစ်သားများအဖြစ် ခေါ်ဆောင်ခြင်းများကို အများပြည်သူတို့၏ ထုတ်ဖော်ပြောဆိုမှုကြောင့်သာ သိသာထင်ရှားလာခြင်း ဖြစ်သည်။

Sunday, June 27, 2010

U Aye Myint & Guiding Star reported on 2 child soldiers

ဦးအေးမြင့်နဲ့ လမ်းပြကြယ်အဖွဲ့က ကလေးစစ်သား မှတ်တမ်း ၂ ခု တင်ပြထား
မိုးမခအထောက်တော် ၀၀၃ ( http://uayemyint.blogspot.com)
ဇွန် ၂၈၊ ၂၀၁၀
ကလေးစစ်သားများပပျောက်ရေး၊ အဓမ္မလုပ်အားပေးမှုများ ဖော်ထုတ်ရေးနှင့် ဒေသခံတို့ ရင်ဆိုင်နေရသည့် ရေဘေးအကြပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းပေးနေသည့် ပဲခူးတိုင်းဒေသက ရှေ့နေကြီးဦးအေးမြင့်နဲ့ လမ်းပြကြယ်အဖွဲ့က ၎င်းတို့ လက်ခံရရှိထားသော ကလေးစစ်သား ၂ဦးနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို အများပြည်သူတို့ လေ့လာသိရှိနိုင်ရန် ထုတ်ပြန်ပေးထားသည်ကို တွေ့ရှိရသည်။ http://uayemyint.blogspot.com
         ကလေးစစ်သားအဖြစ် အဓမ္မခေါ်ဆောင်ခြင်း ခံခဲ့ရသူ မောင်ပြည့်ဖြိုးအောင်နဲ့ မောင်ဝေယံဖြိုးတို့ နှစ်ဦး၏ မှတ်တမ်းများကို သည်နေရာမှာ တွေ့နိုင်ပါသည်။ ယခင်မှတ်တမ်းများအရ မောင်သက်ဇင်၊ မောင်သူဇင်ဝင်းတို့ ၂ ဦးအကြောင်းလည်း အဲသည်မှာ စုထားသည်ကို တွေ့ရသည်။

Friday, June 25, 2010

Thu Zin Oo, 17 Year, Child Soldier

ကလေးစစ်သား မောင်သူဇင်ဦး ၁၇ နှစ် မိဘရပ်ထံ ပြန်ရောက်ရှိ ဟု သိရှိရ
သတင်းရင်းမြစ် - ဦအေးမြင့်နဲ့ လမ်းပြကြယ်အဖွဲ့
မိုးမခ
ဇွန် ၂၅၊ ၂၀၁၀
ယမန့်နေ့က လက်ခံရရှိသော ရုပ်သံမှတ်တမ်းနှင့် စာရွက်စာတမ်းများအရ - ပဲခူးတိုင်းအတွင်းက အသက်မပြည့်သေးဘဲ လှည့်ဖြားပြီး စစ်မှုထမ်းရန် ခေါ်ဆောင်ခြင်း ခံခဲ့ရသူ မောင်သူဇင်ဦးကို ၎င်းစစ်တပ်က မိဘများထံ ပြန်လည်လွှတ်ပေးလိုက်သည်ဟု သိရသည်။
၎င်းမိသားစု၏ ပြောဆိုချက် ရုပ်မြင်မှတ်တမ်းကို သည်မှာ ကြည့်နိုင်သည်။ မောင်သူဇင်ဦး၏ စစ်မှုထမ်း မှတ်တမ်း၊ မွေးစာရင်းမှတ်တမ်းနှင့် အထောက်အထားများကို သည်နေရာမှာ ကြည့်နိုင်သည်။
       မိုးမခက ဦးအေးမြင့် - လမ်းပြကြယ်အဖွဲ့၏ သတင်းမှတ်တမ်းများကို သီးခြား သိမ်းဆည်းတင်ဆက်ထားနိုင်ရန် http://uayemyint.blogspot.com ဘလောဂ့်တခုကို စီစဉ်ထားသည်။ ထိုနေရာတွင် ၎င်းတို့နှင့် ပတ်သက်သည့် PDF ဖိုင်များကို Scribd တွင်၎င်း၊ ရုပ်သံဖိုင်များကို YouTube တွင်၎င်း သိမ်းဆည်းတင်ဆက်ထားမည် ဖြစ်သည်။

Monday, June 14, 2010

About U Aye Myint (Guding Star) - Human Rights Defender of Burma


      အစဉ်အလာအားဖြင့် ကျေးလက်တောရွာနေ ပြည်သူလူထုအများစုမှာ ရုံးပြင်ကန္ဒား ကိစ္စရပ်များအတွက် စိုးရိမ်ပူပန်မှုများပြားတတ်ကြ ပီး၊ အကျိုးဆောင်ရှေ့ နေများ ငှားရမ်းရန် အတွက်လည်း ငွေကြေးပြည့်စုံလုံလောက်မှုမရှိ ကြပါ။ ဤအားနည်းချက်ကို အခွင့်အရေးယူပြီး အချို့ သော အာဏာပိုင်အဖွဲ့အစည်းများ၏ ဥပဒေမဲ့ မတရားမှုများကို တိုက်ဖျက်ရန်၊ ချို့ တဲ့ သော ကျေးလက်နေ လူထုကို အကူအညီပေး အကျိုးဆောင်နိုင်ရန် လမ်းပြကြယ်အဖွဲ့ကို ဖွဲ့စည်းလှုပ်ရှားခဲ့ခြင်း ဖြစ်ပါတယ်။    

ဦးအေးမြင့်ဟာ- ပြည်သူတွေအနေနဲ့ မိမိတို့ အခွင့်အရေးတွေ ဆုံးရှုံးနေမှုများကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို) သို့ တိုင်ကြားနိုင်ကြောင်း၊ အဲဒီလို တိုင်ကြားခြင်းအတွက် အရေးမယူဖို့ကို လက်ရှိအစိုးရက တရားဝင်လက်မှတ်ရေးထိုးထားကြောင်း၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ အားငယ်ကြောက်ရွံ့ စရာမလိုဘဲ အမှန်တရားအတွက် ဥပဒေကြောင်းအရ ရင်ဆိုင်ကြဖို့ လမ်းပြကူညီခဲ့တဲ့ လမ်းပြကြယ်အဖွဲ့ရဲ့ ခေါင်းဆောင်လဲဖြစ်ပါတယ်။ 

ဦးအေးမြင့်ကို ၁၉၅၁ ခုနှစ်မှာ ပဲခူးတိုင်း ကျောက်ဖူးကုန်း(က) ရပ်ကွက်နေ တောင်သူလယ်သမား မိဘများက မွေးဖွားခဲ့ပါတယ်။ ၁၉၈၀ပြည့်နှစ်မှာ ဥပဒေဘွဲ့ကိုရရှိခဲ့ပြီး ၁၉၈၁ခုနှစ်မှာ ရှေ့ နေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်