Sunday, June 27, 2010

U Aye Myint & Guiding Star reported on 2 child soldiers

ဦးအေးမြင့်နဲ့ လမ်းပြကြယ်အဖွဲ့က ကလေးစစ်သား မှတ်တမ်း ၂ ခု တင်ပြထား
မိုးမခအထောက်တော် ၀၀၃ ( http://uayemyint.blogspot.com)
ဇွန် ၂၈၊ ၂၀၁၀
ကလေးစစ်သားများပပျောက်ရေး၊ အဓမ္မလုပ်အားပေးမှုများ ဖော်ထုတ်ရေးနှင့် ဒေသခံတို့ ရင်ဆိုင်နေရသည့် ရေဘေးအကြပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းပေးနေသည့် ပဲခူးတိုင်းဒေသက ရှေ့နေကြီးဦးအေးမြင့်နဲ့ လမ်းပြကြယ်အဖွဲ့က ၎င်းတို့ လက်ခံရရှိထားသော ကလေးစစ်သား ၂ဦးနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို အများပြည်သူတို့ လေ့လာသိရှိနိုင်ရန် ထုတ်ပြန်ပေးထားသည်ကို တွေ့ရှိရသည်။ http://uayemyint.blogspot.com
         ကလေးစစ်သားအဖြစ် အဓမ္မခေါ်ဆောင်ခြင်း ခံခဲ့ရသူ မောင်ပြည့်ဖြိုးအောင်နဲ့ မောင်ဝေယံဖြိုးတို့ နှစ်ဦး၏ မှတ်တမ်းများကို သည်နေရာမှာ တွေ့နိုင်ပါသည်။ ယခင်မှတ်တမ်းများအရ မောင်သက်ဇင်၊ မောင်သူဇင်ဝင်းတို့ ၂ ဦးအကြောင်းလည်း အဲသည်မှာ စုထားသည်ကို တွေ့ရသည်။

Friday, June 25, 2010

Thu Zin Oo, 17 Year, Child Soldier

ကလေးစစ်သား မောင်သူဇင်ဦး ၁၇ နှစ် မိဘရပ်ထံ ပြန်ရောက်ရှိ ဟု သိရှိရ
သတင်းရင်းမြစ် - ဦအေးမြင့်နဲ့ လမ်းပြကြယ်အဖွဲ့
မိုးမခ
ဇွန် ၂၅၊ ၂၀၁၀
ယမန့်နေ့က လက်ခံရရှိသော ရုပ်သံမှတ်တမ်းနှင့် စာရွက်စာတမ်းများအရ - ပဲခူးတိုင်းအတွင်းက အသက်မပြည့်သေးဘဲ လှည့်ဖြားပြီး စစ်မှုထမ်းရန် ခေါ်ဆောင်ခြင်း ခံခဲ့ရသူ မောင်သူဇင်ဦးကို ၎င်းစစ်တပ်က မိဘများထံ ပြန်လည်လွှတ်ပေးလိုက်သည်ဟု သိရသည်။
၎င်းမိသားစု၏ ပြောဆိုချက် ရုပ်မြင်မှတ်တမ်းကို သည်မှာ ကြည့်နိုင်သည်။ မောင်သူဇင်ဦး၏ စစ်မှုထမ်း မှတ်တမ်း၊ မွေးစာရင်းမှတ်တမ်းနှင့် အထောက်အထားများကို သည်နေရာမှာ ကြည့်နိုင်သည်။
       မိုးမခက ဦးအေးမြင့် - လမ်းပြကြယ်အဖွဲ့၏ သတင်းမှတ်တမ်းများကို သီးခြား သိမ်းဆည်းတင်ဆက်ထားနိုင်ရန် http://uayemyint.blogspot.com ဘလောဂ့်တခုကို စီစဉ်ထားသည်။ ထိုနေရာတွင် ၎င်းတို့နှင့် ပတ်သက်သည့် PDF ဖိုင်များကို Scribd တွင်၎င်း၊ ရုပ်သံဖိုင်များကို YouTube တွင်၎င်း သိမ်းဆည်းတင်ဆက်ထားမည် ဖြစ်သည်။

Monday, June 14, 2010

About U Aye Myint (Guding Star) - Human Rights Defender of Burma


      အစဉ်အလာအားဖြင့် ကျေးလက်တောရွာနေ ပြည်သူလူထုအများစုမှာ ရုံးပြင်ကန္ဒား ကိစ္စရပ်များအတွက် စိုးရိမ်ပူပန်မှုများပြားတတ်ကြ ပီး၊ အကျိုးဆောင်ရှေ့ နေများ ငှားရမ်းရန် အတွက်လည်း ငွေကြေးပြည့်စုံလုံလောက်မှုမရှိ ကြပါ။ ဤအားနည်းချက်ကို အခွင့်အရေးယူပြီး အချို့ သော အာဏာပိုင်အဖွဲ့အစည်းများ၏ ဥပဒေမဲ့ မတရားမှုများကို တိုက်ဖျက်ရန်၊ ချို့ တဲ့ သော ကျေးလက်နေ လူထုကို အကူအညီပေး အကျိုးဆောင်နိုင်ရန် လမ်းပြကြယ်အဖွဲ့ကို ဖွဲ့စည်းလှုပ်ရှားခဲ့ခြင်း ဖြစ်ပါတယ်။    

ဦးအေးမြင့်ဟာ- ပြည်သူတွေအနေနဲ့ မိမိတို့ အခွင့်အရေးတွေ ဆုံးရှုံးနေမှုများကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို) သို့ တိုင်ကြားနိုင်ကြောင်း၊ အဲဒီလို တိုင်ကြားခြင်းအတွက် အရေးမယူဖို့ကို လက်ရှိအစိုးရက တရားဝင်လက်မှတ်ရေးထိုးထားကြောင်း၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ အားငယ်ကြောက်ရွံ့ စရာမလိုဘဲ အမှန်တရားအတွက် ဥပဒေကြောင်းအရ ရင်ဆိုင်ကြဖို့ လမ်းပြကူညီခဲ့တဲ့ လမ်းပြကြယ်အဖွဲ့ရဲ့ ခေါင်းဆောင်လဲဖြစ်ပါတယ်။ 

ဦးအေးမြင့်ကို ၁၉၅၁ ခုနှစ်မှာ ပဲခူးတိုင်း ကျောက်ဖူးကုန်း(က) ရပ်ကွက်နေ တောင်သူလယ်သမား မိဘများက မွေးဖွားခဲ့ပါတယ်။ ၁၉၈၀ပြည့်နှစ်မှာ ဥပဒေဘွဲ့ကိုရရှိခဲ့ပြီး ၁၉၈၁ခုနှစ်မှာ ရှေ့ နေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်